XCOMIC YOTE PYA

အကောင်းမွန်ဆုံးသော ကွာလတီနဲ့
သင့်အတွက် အကောင်းဆုံး ဘာသာပြန်ရုပ်ပြများ

ကျွန်ုပ်တို့ အကြောင်း

XCOMIC YOTE PYA (XCYP) ကို ၂၀၁၉ ခုနှစ်တွင် စတင်ခဲ့ပြီး ယနေ့အချိန်အထိ ရုပ်ပြများကို အကောင်းဆုံးသော အရည်အသွေးပြည့်မှီအောင် အကောင်းဆုံးကြိုးစားအားထုတ် ဘာသာပြန်တင်ဆက်ပေးနေပါသည်။ လူကြီးကြိုက် အမှောင် Manhwa များကို အဓိကထား ဘာသာပြန်တင်ဆက်ပေးပြီး များမကြာမီကာလတွင် Manga များနှင့် အခြား Comic နယ်ပယ်များအထိပါ ဝန်ဆောင်မှုပေးနိုင်အောင် ကြိုးစားနေပါသည်။ မိုဘိုင်းဖုန်း အသုံးပြုသူများအတွက် XCOMIC YOTE PYA - FREE VERSION ၊ PAID VERSION ဆိုပြီး ရှိသကဲ့သို့ WEBSITE မှ အသုံးပြုသူများအတွက်လည်း PAID နှင့် FREE (၂) မျိုးဖြင့် ဝန်ဆောင်မှုပေးနေခြင်းဖြစ်ပါသည်။ IOS အတွက်လည်း ဆက်လက်ကြိုးစားပါဦးမည်။

  • အကောင်းဆုံးသော ရုပ်ထွက်အရည်အသွေး
  • အကောင်းမွန်ဆုံးသော ဘာသာပြန်ကြိုးစားအားထုတ်မှု
  • ပိုက်ဆံတစ်ခုထဲကို မကြည့်ဘဲ အခမဲ့ကိုလည်း ဝန်ဆောင်မှုပေးခြင်း
  • အားပေးသူများ၏ အကြံပြုချက်များ၊ တောင်းဆိုမှုများကို အစဥ်တစိုက် ဂရုစိုက်ပေးခြင်း

အရည်အသွေးကို အမြဲ ဂရုစိုက်ပေးနေပြီး ဘာသာပြန်လက်ရာကိုလည်း တတ်နိုင်သမျှ အကောင်းဆုံးအားထုတ်ထားပါတယ်။ အစဥ်အမြဲ အားပေးနေကြတဲ့ ဘော်ဒါကြီးတို့ကျေးဇူးနဲ့ ယနေ့အထိ ဝန်ဆောင်မှုပေးနေနိုင်တာပါ။ အဲ့အတွက်လည်း အထူးကျေးဇူးတင်ပါတယ်။ လိုအပ်တာတွေလည်း အကြံပြုထောက်ပြကြပါဦးဗျို့။ အမြဲတမ်း ပိုပိုကောင်းလာအောင်ကြိုးစားနေတာမို့လို့ ရှေ့လျှောက်လည်း အားပေးကြပါဦးနော်။

အားပေးမယ်...

ဘာလို့ အခကြေးငွေနဲ့ အားပေးသင့်တာလဲ

ဒီလောကကြီးက နားလည်ဖို့ရှုပ်ထွေးပေမယ့် အသက်ရှင်ရပ်တည်ဖို့ကတော့ ရိုးရှင်းပါတယ်။ ချစ်ခြင်းမေတ္တာတရားနဲ့ ပိုက်ဆံရှိရင် အရာရာကို အကောင်းဆုံး တောင့်ခံထားနိုင်ပါလိမ့်မယ်။ ဒီနေ့အချိန်အထိ XCOMIC ဆိုပြီး ကျန်ရှိနေနိုင်တာ ဘော်ဒါတို့ရဲ့ PAID မှာ အားပေးမှုတွေကြောင့်ပါပဲ။

  • 01 အခကြေးနဲ့ ဖတ်ရတဲ့အခါ ပရီမီယမ်ဆန်တဲ့ ခံစားချက် ရရှိပါလိမ့်မယ်

    အခကြေးနဲ့ ဖတ်တဲ့သူတွေအတွက် အကောင်းဆုံးဆိုတာတွေထက်တောင် ပိုကောင်း ပိုအဆင်ပြေအောင် ကြိုးစားရပါတယ်။ ရိုးရှင်းရမယ်၊ လွယ်ကူရမယ်၊ စေတနာပါရမယ်၊ အရည်အသွေးမြင့်မားမှုကို ခံစားမိစေရမယ်၊ ဟုတ်ကဲ့ ဒါတွေအားလုံးအတွက် အနည်းငယ်မျှသော ငွေကြေးနဲ့ ရရှိနိုင်အောင် PAID VERSION မှာ စီစဥ်ပေးထားလို့ပါပဲ။

  • စိတ်အပန်းဖြေမယ့်သူကို စိတ်ညစ်စရာ ကြော်ငြာတွေ ပြပေးနေလို့ မဖြစ်သလို လိုအပ်နေတဲ့ အရှိန်ကို ကျသွားစေမယ့် ခံစားချက်မျိုး ပေးလို့ လုံးဝ လုံးဝ မဖြစ်စေရဘူး။ ဒါက သင့်အတွက် လိုအပ်ချိန်တိုင်းမှာ အမြဲရှိနေပေးနိုင်မယ့် အဖော်မွန်ကောင်းတစ်ယောက်ဆိုတာ ကျွန်ုပ်တို့ အာမခံနိုင်ပါတယ်။

  • သင့်ရဲ့ အကြံပေးမှုတွေကို စဥ်ဆက်မပြတ် နားထောင်ပေးနေမှာပါ။ သင့်အတွက် လိုအပ်တာတွေအပြင် ခေတ်နဲ့အညီ လိုက်ဖက်မှုတွေကိုပါ သင့်အတွက် သယ်ဆောင်ပေးနေမှာပါ။ အရည်အသွေးက အမြင့်ဆုံးဆိုပေမယ့် ဘော်ဒါတို့အတွက် စျေးကို ဟိုးအောက်ဆုံးထိ ရိုက်ချထားတယ်ဆိုတာ သုံးစွဲဖူးသူတိုင်း သိပြီးသားပါပဲ။ ဟုတ်တယ်မလား အဓိကကတော့ စိတ်ကျေနပ်မှုပါပဲ။

 

ဝန်ဆောင်မှု အရည်အသွေး စစ်တမ်း

သင့်အတွက် မြင်သာအောင် အရည်အသွေးစစ်တမ်း ရလဒ်လေး ပြထားပါရစေ။ အကောင်းဆုံးတွေချည်းဖြစ်လာဖို့တော့ မိတ်ဆွေရဲ့ အားပေးမှုနဲ့ပဲ ရှေ့ဆက်ရမှာပါ။

ကြိုးစား အားထုတ်မှု 100%
အရည်အသွေး 90%
ဘာသာပြန်ဆိုမှု 80%
သုံးစွဲသူအပေါ် ဂရုစိုက်မှု 70%
အချိန်နဲ့ တပြေးညီ ဝန်ဆောင်မှုပေးနိုင်မှု 60%

ဝန်ဆောင်မှုများ

လက်ရှိမှာတော့ Platform မစုံသေးပေမယ့် အများကြီး ကြိုးစားနေပါတယ်။ နှေးပေမယ့် ရပ်မနေတဲ့ သူတွေပါ။ လက်ရှိရနိုင်တဲ့ ဝန်ဆောင်မှုလေးတွေအကြောင်းမိတ်ဆက်ပေးပါရစေ။

Android Free Version

ကြော်ငြာတွေနဲ့ဖြစ်ပါတယ် Play Store ပေါ်တင်ထားပါတယ် Xlibrary ဖြစ်ပါတယ် Key ထည့်ပြီး အသုံးပြုရမှာဖြစ်ပါတယ်

Android Paid Version

အဆင်မပြေမှု မရှိသလောက်ကို လုံးဝ နည်းပါတယ်။ ရိုးရှင်း၊ လွယ်ကူ၊ စိတ်ချမ်းသာစေမယ့် အကောင်းဆုံး အရည်အသွေးအပြင် ခေတ်မှီဆန်းသစ်ပြီး အသုံးပြုရလွယ်ကူစေမယ့် အရာတွေကို အမြဲပေးနိုင်အောင် အားထုတ်ထားပါတယ်။ အကောင့်ဝယ်ရန်လိုအပ်ပါသည်။

Website Free Version

လိုအပ်ချက် အများကြီး ရှိနေဆဲပါ။ ပြင်ပကြော်ငြာများ လက်ခံထားပါတယ်။ အသစ်တွေကတော့ up to date ဖတ်ရှုရမှာပါ။ အခမဲ့ဖြစ်ပါတယ်။ အကောင့်မလိုပါ။

Website Paid Version

Android APP အဆင်မပြေသော Device များ အသုံးပြုရန်ဖြစ်ပါသည်။ Website ဖြစ်၍ IOS, Laptop မည်သည့် Device နှင့်မဆို ဖတ်ရှုနိုင်ပါသည်။ အကောင့်ဝယ်ရန်လိုအပ်ပါသည်။

အခုပဲ ဆက်သွယ်လိုက်ပါ

ပရီမီယမ် အရသာကို ခံစား အသုံးပြုလိုပါက အခုပဲ ဆက်သွယ်လိုက်ပါ။

စျေးနှုန်းများ

စျေးနှုန်းများကို platform အလိုက် ဖော်ပြထားပါတယ်။ စျေးသက်သာပေမယ့် ကွာလတီကတော့ စိတ်ကျေနပ်စေရပါမယ်။ အားလုံးခက်ခဲနေစဥ်မှာ အမြတ်ကြီးစားတဲ့ ခေတ်ပျက်သူဌေးမဖြစ်ချင်ပါ။

PAID - Android

1,000 ကျပ် လစဥ်ကြေး ( up to )

  • (၁) ရက်လျှင် ၃၃ ကျပ်၊ (၁)လ လုံးမှ ၁၀၀၀ ကျပ်သာကျသင့်ခြင်း
  • Offline Download အပြင် Quality ရွေးချယ်နိုင်ခြင်းနှင့် အခြား Exclusive Function များ ပါဝင်ခြင်း
  • လချင်းပေးနိုင်ခြင်း၊ အများဆုံး (၆) လ အထိ စျေးသက်သာစွာ ဝယ်ယူထားနိုင်ခြင်း
  • ကိုယ်ပိုင်အကောင့်ဖြင့် စိတ်ချမ်းသာစွာ ကြော်ငြာ ကင်းကင်းနဲ့ ဖတ်ရှုနိုင်ခြင်း
  • ပေးရတဲ့ စျေးထက်ပိုတဲ့ ကွာလတီကို ခံစားနိုင်ခြင်း
  • အပိုင်းသစ်များကို အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ခြင်း
  • အဆင်မပြေမှုများ ကြုံတွေ့ရပါက ဂရုတစိုက်ကူညီဖြေရှင်းပေးခြင်း
ဝယ်ယူမည်

PAID - Website

2,000 ကျပ်လစဥ်ကြေး

  • ဖုန်း၊ လက်ပ်တော့၊ တက်ဘလက် မည်သည့် စက်နှင့်မဆို ဝင်ရောက်ဖတ်ရှုနိုင်ခြင်း
  • ဖုန်းပေါ်တွင် install တင်ထားစရာမလိုပဲ လိုအပ်မှ Browser မှ တဆင့် အလွယ်တကူ ဖတ်ရှုနိုင်ခြင်း
  • စိတ်ရှုပ်စရာ ကြော်ငြာများ မပါဝင်ခြင်း
  • Android ထက် စျေးများသော်လည်း အခြားသူများနှင့်ယှဥ်လျှင် များစွာ စျေးသက်သာနေခြင်း
  • သက်တမ်းအများကြီးဝယ်ပါက လျှော့စျေးရှိခြင်း
  • ပေးရတဲ့ စျေးထက်ပိုတဲ့ ကွာလတီကို ခံစားနိုင်ခြင်း
  • အပိုင်းသစ်များကို အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ခြင်း
  • အဆင်မပြေမှုများ ကြုံတွေ့ရပါက ဂရုတစိုက်ကူညီဖြေရှင်းပေးခြင်း
ဝယ်ယူမည်

အမေးများဆုံး မေးခွန်းများ

အမေးများဆုံးမေးခွန်းများထဲတွင် မိတ်ဆွေ သိချင်တာမပါရှိပါက Facebook Page Messanger တွင် လာရောက် မေးမြန်းစုံစမ်းနိုင်ပါတယ်

  • မန်ဘာအသစ်ဝင်ချင်လို့ပါ အကောင့်မရှိသေးပါ

    Facebook Page Messanger (Chat Box) မှာ Wave Pay, K Pay အကောင့်များ တောင်းယူ ငွေလွှဲပြီး Screenshot ပို့ပေးထားပါဗျ။ (၁)လ လျှင် ၁၀၀၀ ကျပ်နှုန်းပါ။ (၁) လ ကနေ (၆) လ အထိ ကုဒ်ဝယ်လို့ရပါတယ်။

  • ဘယ်လို ဝင်မရသလဲ ဘာကြောင့်ဝင်မရသလဲ သိရအောင် အခြေအနေလေးကို ပုံလေးနဲ့ဖြစ်စေ Video Record ဖမ်းယူပြီးဖြစ်စေ Chat Box တွင် ပို့ပေးထားပါဗျာ။ VPN သုံးဖို့ မမေ့ပါနဲ့နော်။

  • Android Paid ကို ဖုန်းဘေနဲ့ ဝင်လို့ရပါတယ်ခင်ဗျာ။ (၁)လစာကို ဘေ ၂၀၀၀ ကျပ်ပါ။ ဘေကဒ်ကို ပုံရိုက်ပို့ပေးနိုင်ပါတယ်။ Website Paid ကိုတော့ ဘေနဲ့ မရနိုင်သေးပါခင်ဗျာ။

  • ဘယ်နေ့ဝယ်ဝယ် စသုံးတဲ့ နေ့မှ စမှတ်မှာဖြစ်ပါတယ်။ စသုံးတဲ့နေ့ကမှ (၁) လ တိတိ သို့မဟုတ် မိမိဖြည့်သွင်းသည့် လအတိုင်းသက်တမ်းတိုးသွားမှာပဲဖြစ်ပါတယ်။

  • Admin Team မှ ကျွမ်းကျင်သူများက မိတ်ဆွေ သုံးလို့ရသည် အထိ အဆုံးထိ ကူညီပေးသွားမှာဖြစ်ပါတယ်။ Paid သက်တမ်းရှိနေသမျှကာလပတ်လုံး Service ကို တာဝန်ယူပေးသွားမှာဖြစ်ပါတယ်။

Contact

ကျွန်ုပ်တို့ XCOMIC ကို ဆက်သွယ်နိုင်မည့် ဆိုရှယ်အကောင့်များ ပေ့ချ်များကို အောက်မှာ ဖော်ပြပေးထားပါတယ်။